Sunday, June 3, 2012

♥ ချစ်သူနေ့ရက် ♥

တစ်နှစ်လာလည်း သည်အချိန်
မျှော်သူသာရင်မှာမောခဲ့ ……
မျှော်လင့်ချက်တွေထားခဲ့ရတဲ့
ဒီကာလမှာ မင်းတစ်ယောက်ကိုသာ
ငါတမ်းတခဲ့ရ ………..
တူနှစ်ကိုယ်ဆုံလို့
ဘုရားစုံဖူးမယ်လို့ စိတ်မှာစွဲထင်
ချစ်သူလာမဲ့ နေ့ရက်တွေကို
စောင့်မျှော်ခဲ့တာ …..
ကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေကို
ပီတိဖြစ်စွာပြန်လှည့်ကြည့်ရင်း …
မင်းလာမဲ့ နေ့ရက်တွေကို
အချစ်တွေနဲ့ ငါ ………
ငါစောင့်ပါရစေ …….. ချစ်သူ ♥♥♥

ဝေေ၀ဖြိုး (မြိတ်)

No comments:

Post a Comment