Sunday, June 3, 2012

အထီးကျန်နွေဦး

အရိုးအပြိုင်းပြိုင်းထနေတဲ့
ရွက်ခြောက်တစ်ပင်ရဲ့အောက်မှာ
ငါထိုင်နေတယ်..... ချစ်သူ ......
တစ်ချိန်က အတူထိုင်ခဲ့ဖူးတဲ့ ....
ထိုင်ခုံလေးမှာ ............. အခုတော့
ငါတစ်ယောက်တည်းပေါ့
လေအဝှေ့မှာကြွေလွင့်သွားရှာတဲ့ 
 သစ်ရွက်လေး........
 မြေခခဲ့တာကို ငေးကြည့်ရင်း..........
ငါ.....မင်းအတွက် မျက်ရည်တွေ..........
 မြေခခဲ့ဖူးတာကို ပြန်သတိရတယ်.....ချစ်သူ.......

ဝေေ၀ဖြိုး (မြိတ်)

♥ ချစ်သူနေ့ရက် ♥

တစ်နှစ်လာလည်း သည်အချိန်
မျှော်သူသာရင်မှာမောခဲ့ ……
မျှော်လင့်ချက်တွေထားခဲ့ရတဲ့
ဒီကာလမှာ မင်းတစ်ယောက်ကိုသာ
ငါတမ်းတခဲ့ရ ………..
တူနှစ်ကိုယ်ဆုံလို့
ဘုရားစုံဖူးမယ်လို့ စိတ်မှာစွဲထင်
ချစ်သူလာမဲ့ နေ့ရက်တွေကို
စောင့်မျှော်ခဲ့တာ …..
ကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေကို
ပီတိဖြစ်စွာပြန်လှည့်ကြည့်ရင်း …
မင်းလာမဲ့ နေ့ရက်တွေကို
အချစ်တွေနဲ့ ငါ ………
ငါစောင့်ပါရစေ …….. ချစ်သူ ♥♥♥

ဝေေ၀ဖြိုး (မြိတ်)

☻ လှပသော အပြုံးပန်းတစ်ပွင့် ☻

လောကကို ရယ်မောပျော်ရွှင်ခြင်းတွေနဲ့
အဆုံးသတ်နိုင်ဖို့ ရှုံးပေးခြင်းဆိုတာ ……..
မျက်ရည်ကျပေမဲ့ မင်းရဲ့နှုတ်ခမ်း
ပြုံးယောင်သမ်းပါစေ …..
မျက်ရည်ကျပေမဲ့ မင်းရဲ့နှလုံးသား
လန်းဆန်းနေပါစေ …….
ရဲဝံ့တဲ့ ခြေလှမ်းများနဲ့
တွန့်ဆုတ်ခြင်းကင်းစွာ …
ဘ၀ရဲ့တိုက်ပွဲတွေကြား မင်းတိုးဝင်တဲ့အခါ
မျက်ရည်ခမ်းတဲ့ အပြုံးစစ်တို့
ပွင့်လန်းပါစေ ………
ငိုညဉ်းခြင်းဆိုတာတွေဟာ ……
နတ်ဆိုးတစ်ပါးရဲ့ အပြုံးမို့
အားငယ်ခြင်းတွေ ၀န်းရံလာတဲ့အခါ
ဦးခေါင်းမော့လို့
မိုးကုတ်စက်ဝိုင်းအဆုံးထိ မြင်နိုင်တယ်ဆိုတာ
သက်သေပြနိုင်ပါစေ ……….. သူငယ်ချင်း ☻☻☻

ဝေေ၀ဖြိုး (မြိတ်)

Thursday, December 29, 2011

♥ အနေဝေးချစ်သူ ♥

တွေ့နေတုန်းက ရန်တစ်စဉ်စဉ်
အမှတ်တမဲ့ပင် ……..
ဝေးသွားတော့မှ သတိရ
လွမ်းဆွတ်ဖွယ်ရာအဖြစ်ကိုပ …….
ခရီးထွက်တာကြာပြီထင် …..
လေး၊ ငါး၊ ခြောက်နှစ် ရှိပြီရှင်
နွေ၊ မိုး၊ ဆောင်းတွေ ပြောင်းသွားလည်း
မင်းကို ချစ်ဆဲပဲ …………
တစ်ရာသီပြီး တစ်ရာသီ
မင်းကိုစောင့်မျှော်မည်
အချစ်သစ်ကိုမရှာက မင်းကိုချစ်ဆုံးဟ
ပြန်လာတော့မည် ထင်ပါသည်
ငါ့ရဲ့ ရပ်ဝန်းဆီ
စဉ်းစားကာလေ ချင့်ချိန်မိ
အသက်ဆုံးတိုင်ချစ်ပါ၏ ………….

ဝေေ၀ဖြိုး (မြိတ်)