Sunday, June 3, 2012

☻ လှပသော အပြုံးပန်းတစ်ပွင့် ☻

လောကကို ရယ်မောပျော်ရွှင်ခြင်းတွေနဲ့
အဆုံးသတ်နိုင်ဖို့ ရှုံးပေးခြင်းဆိုတာ ……..
မျက်ရည်ကျပေမဲ့ မင်းရဲ့နှုတ်ခမ်း
ပြုံးယောင်သမ်းပါစေ …..
မျက်ရည်ကျပေမဲ့ မင်းရဲ့နှလုံးသား
လန်းဆန်းနေပါစေ …….
ရဲဝံ့တဲ့ ခြေလှမ်းများနဲ့
တွန့်ဆုတ်ခြင်းကင်းစွာ …
ဘ၀ရဲ့တိုက်ပွဲတွေကြား မင်းတိုးဝင်တဲ့အခါ
မျက်ရည်ခမ်းတဲ့ အပြုံးစစ်တို့
ပွင့်လန်းပါစေ ………
ငိုညဉ်းခြင်းဆိုတာတွေဟာ ……
နတ်ဆိုးတစ်ပါးရဲ့ အပြုံးမို့
အားငယ်ခြင်းတွေ ၀န်းရံလာတဲ့အခါ
ဦးခေါင်းမော့လို့
မိုးကုတ်စက်ဝိုင်းအဆုံးထိ မြင်နိုင်တယ်ဆိုတာ
သက်သေပြနိုင်ပါစေ ……….. သူငယ်ချင်း ☻☻☻

ဝေေ၀ဖြိုး (မြိတ်)

No comments:

Post a Comment